ကရင်ပြည်နယ်

မြဝတီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၁၁၀ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း၃၂ ဒသမ ၂၆ ရာခိုင်နှုန်းရှိ

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ကထုတ်ပြန်ခဲ့ရာ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အနေဖြင့် အောင်မြင်သူ ၁၁၀ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၃၂ ဒဿမ ၂၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြဝတီမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအ​နေများကို တာဝန်ရှိသူများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ​မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ နေ့လယ် ၁၂ အချိန်က တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်အတွင်းရှိ ရွှေဆိုင်၊ဟိုတယ်/တယ်ခိုခန်းလုပ်ငန်းများ အပေါ်ပြေစာအမှတ် တံဆိပ်ကပ် နှိပ်ခြင်းဆိုင်ရာနှင့်စပ်လျဥ်း၍  ရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရွှေဆိုင်၊ ဟိုတယ်/တည်းခို ခန်းလုပ်ငန်းများအပေါ် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာနှင့်စပ်လျဥ်း၍ လုပ်ငန်းရှင်များနှင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွှဲ (၂)အချိန်က အမှတ်(၄)ရပ်ကွက်၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီး ဌာနမှုးရုံး ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကရင်ပြည်နယ်အတွင်း ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့ထိ မူးယစ်ဆေးဝါးအမှုပေါင်း (၉၁)မှု မှ တရားခံပေါင်း ၁၃၁ ဦးနှင့် ၂၀၂၅ ခုနှစ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုပေါင်း(၁၉၃)မှုမှ တရားခံ(၂၉၅)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းကဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှသိရသည်။

ဘားအံမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်‌နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ဇွန်လ ၂၆ ရက်၊ နံနက် ၁၀ နာရီ ကရင်ပြည်နယ်၊ ဘားအံမြို့ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မြဝတီမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ​ ဘေးအန္တရာယ်ဆိုင်ရာသိပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း(ခွဲ)ဝှေ့ရှမ်းကျောင်းတွင်လည်းကောင်း၊ မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်း(သင်္ဃန်းညီနောင်) ကျောင်းတွင်လည်းကောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ကော့ကရိတ်မြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး ပြိုင်ပွဲပြုလုပ်ကျင်းပ

၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/မြို့နယ်အဆင့်အမျိုးသမီးရေးရာအဖွဲ့မှ ဦးစီးကျင်းပသော မြို့နယ်အဆင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၊ သရဖီခန်းမ၌ ပြုလုပ်ကျင်းပကြောင်း သိရသည်။

ကမမောင်းမြို့ရှိ ရပ်ကွက်နေဒေသခံပြည်သူများအား ငှက်ဖျားရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် တာရှည်ခံဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးရာသီကာလ ခြင်ပေါက်ဖွားမှုနှုန်း မြင့်မားလာချိန်၌ မိဘပြည်သူများ ခြင်ကိုက်ခံရမှုမှတစ်ဆင့် ငှက်ဖျားရောဂါ ကူးစက်ခံရခြင်းအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ ရပ်ကွက်များရှိ ဒေသခံပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်လူမှုရေးရာဝန်ကြီး Football Schools program (F4S) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

FIFA နှင့် UNESCO တို့ ပူးပေါင်းအကောင်အထည်ဖော်သည့် Football for Schools  (F4S ) အစီအစဉ်အရ ဘောလုံးကစားခြင်းမှတစ်ဆင့် ကလေးသူငယ်များ၏ ပညာရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် လူမှုရေးစွမ်းရည်များကို မြှင့်တင်ပေးရန် ရည်ရွယ်ပြီး အခြေခံပညာကျောင်းများ၌ ပညာရေးစနစ်တွင် ဘောလုံးအားကစားကို ထည့်သွင်းခြင်းဖြင့် ကလေးများအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အဓိကလုပ်ဆောင်ခြင်း   ဖြစ်သည့်အတွက် ကရင်ပြည်နယ်အတွင်းရှိ   အခြေခံပညာကျောင်းများတွင်လည်း Football for Schools Program (F4S ) အစီအစဉ်     ရည်မှန်းချက်များ အောင်မှန်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၅ ရက်  မွန်းလွဲ ၂ နာရီက ဘားအံမြို့ ပြည်နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လိပ်သိုမြို့အထက ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
Subscribe to ကရင်ပြည်နယ်