ကရင်ပြည်နယ်

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တရုတ်လှအခြေခံပညာ အထက်တန်းကျောင်းရှိ RC တစ်ထပ်ကျောင်း ဆောင်သစ်ဖွင့်လှစ်

နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာ ၊ အခြေခံပညာအထက်တန်းကျောင်းရှိ (၉၀ ပေ x ၃၀ပေ) RC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက အဆိုကျောင်း ဆောင်သစ်ရှေ့၌ ကျင်းပသည်။

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ် Road Bike စက်ဘီးစီးပြိုင်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ် Road Bike စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က ဘားအံမြို့ အမှတ်(၄)ရပ်ကွက် သီရီလမ်းရှိ သီရိကွင်းမုခ်ဦးအရှေ့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သေနတ်ပစ်ဖောက်၍ စက်ဘီးစီး ပြိုင်ပွဲအား တာလွှတ်ပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့ ကျက်သရေဆောင် ကျိုက်မုရောစေတီကျောင်း၌ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ ကျိုက်မုရောစေတီ(တောင်ပေါ်ကျောင်း)၌ စစ်ဗျူဟာအဖွဲ့ (အခြေချ)လှိုင်းဘွဲနှင့် တပ်ရင်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မရှင်၊ ဌာနဆိုင်ရာ မိသားစုများ၊ မြို့နေပြည်သူများ၊ ဈေးသူ၊ ဈေးသားများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့် ပဒေသာပင်များ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်ဧည့်ရိပ်သာ အာရ်စီ(၆)ထပ်အဆောက်အအုံသစ်ဖွင့်

ကရင်ပြည်နယ်ကိုလာရောက်ကြမည့် နိုင်ငံတော်အဆင့်အကြီးအကဲများ၊ နိုင်ငံတကာမှဧည့်သည်တော်များ အဆင်ပြေစွာတည်းခိုနိုင်ရန် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၁၀၀၆၀ ဒသမ ၆၂၁)သန်း အကုန်အကျခံ၍ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်ခဲ့သော ကရင်ပြည်နယ်ဧည့်ရိပ်သာအာရ်စီ(၆)ထပ်အဆောက်အဦသစ်ဖွင့်ပွဲကို နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့် စိန်ပန်းနီလမ်းထောင့်ရှိ အဆိုပါအဆောက်အအုံသစ်တည်နေရာ၌ ကျင်းပသည်။

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၂)မျိုး သင်တန်းဆင်း

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ) သင်တန်း (၂)မျိုး သင်တန်းဆင်းပွဲအခမ်းအနား ကို အောက်တိုဘာလ ၃၁ ရက်နေ့နံနက် ၁၁ နာရီက ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပရာ ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာဖွံ့ဖြိုးတိုးတက်စေရန် အဖက်ဖက်မှစီမံချက်များချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး ခရီးစဉ်ဒေသသစ်ဖော်ထုတ်ပေးခြင်းနှင့်ရှိနှင့်ပြီးသားခရီးစဉ်ဒေသများကိုလည်း ရေရှည်တည်တံခိုင်မြဲ စေရေးလိုအပ်ချက်များကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၂)မျိုး၏ အခြေခံဝန်ဆောင်မှု သင်တန်းများမှ ရရှိခဲ့သည့် သင်ခန်းစာ၊ ဗဟုသုတ၊ အတွေ့အကြုံများကို လေ့လာသင်ယူခဲ့သော သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း မိမိတို့ လုပ်ငန်းခွင်တွင်အကျိုးရှိရှိပြန်လည်အသုံးချပြီး ပြည်နယ်၏ဂုဏ်ကိုတိုးတက်စေမည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှု အရည်အသွေးကောင်းများပေးစွမ်းနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

မြဝတီမြို့တွင် သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးများ ထိုးနှံ

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို အောက်တိုဘာလ (၃၀) ရက်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အောင်မြေရွှေဘုံကျောင်း၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန​​၊ ခရိုင်ဆေးရုံအုပ်ကြီး၊ ဒေါက်တာခင်ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းအခြေပြု ကာကွယ်​ဆေးများ ထိုးနှံပေးခဲ့ကြသည်။

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ဇွဲကပင်ပလာဇာအဆင့်မြင့် ဈေး(မြေညီထပ်) ဖွင့်လှစ်၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၂)မျိုး သင်တန်းဆင်း

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် UHM ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဘားအံမြို့၏ပထမဆုံး အဆင့်မြင့်ဈေးဝယ်စင်တာဖြစ်သော ဇွဲကပင်ပလာဇာ (မြေညီထပ်)ဖွင့်ပွဲကို အောက်တိုဘာလ ၃၁ ရက်နေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ ကြီးဘေးရှိ အဆိုပါဈေးဝယ်စင်တာ၌ ကျင်းပခဲ့သည်။

လိပ်သိုဒေသတွင် အာရေးဗီးကားကော်ဖီသီးများ ရင့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည် သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေဖြင့် အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သည့်  ကော်ဖီသီးများ ရင့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူး လျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသထွက်  ထောပတ်သီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူ များသည် နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ထောပတ်ပင် စိုက်ပျိုး ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

သံတောင်ကြီးဒေသထွက် ကွမ်းသီးအစိုများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီးဒေသခံပြည်သူများမှာအများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို   အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကလုပ်ကိုင်   ဆောင်ရွက်လျက်ရှိရာယခုအချိန်တွင်ကွမ်းသီးအစိုများဝယ်လိုအားကောင်းပြီးဈေးကောင်းရရှိ ကြောင်းသိရသည်။
Subscribe to ကရင်ပြည်နယ်