ကော့ကရိတ် ဇွန် ၂၆
၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ခရိုင်/မြို့နယ်အဆင့်အမျိုးသမီးရေးရာအဖွဲ့မှ ဦးစီးကျင်းပသော မြို့နယ်အဆင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၊ သရဖီခန်းမ၌ ပြုလုပ်ကျင်းပကြောင်း သိရသည်။
အမျိုးသမီးများနေ့မှသည် တန်းတူညီမျှသောလူ့ဘောင်ဆီသို့ ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို မြို့ပေါ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၉)ဦးဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဆိုပါဖြေဆိုနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပညာ ရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးနှင့်တာဝန်ကျ ဆရာ/ဆရာမများက လိုက်လံကြည့်ရှုကြီးကြပ် ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ အမျိုးသမီးများနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့သည့် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရ ကျောင်း သား၊ ကျောင်းသူများအား ဂုဏ်ပြု ဆုလက်ဆောင်များကို တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)