ကရင်ပြည်နယ်

ဘားအံမြို့၊ နည်းပညာတက္ကသိုလ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို သိရှိလိုက်နာကြစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင်  ကျောင်းသား၊ ကျောင်းသူ ၂၀၀၇ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ် မြဝတီမြို့တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ပြားများပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၂၆ ရက် နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးရဲလင်းမောင်က  အမှာ စကားပြောကြားသည်။

ပိုင်ကျုံမြို့၊ အထက်ပိုင်ကျုံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပညာပါရမီချစ်သူ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ အထက်ပိုင်ကျုံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အလျား ပေ ၃၀၀ ၊  အနံ ၃၁ ပေ ၊ အမြင့် ၂၄ ပေရှိ RCC နှစ်ထပ် ပညာပါရမီချစ်သူ ကျောင်းဆောင်သစ်ဖွင့်ပွဲကို ဇွန် ၂၅ ရက် နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးစယဉ်ဌေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ ကော့ကရိတ်မြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်သည် ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက်၊ပန်းခြံလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကလေးသူငယ်များအား အာဟာရအဖြစ် နို့ဘူး၊ မုန့်များတိုက်ကျွေးခဲ့ပြီးနောက် ကျောင်းဝန်းအတွင်း ခြံစည်းရိုးအုတ်တံတိုင်း ဆောင်ရွက်နေမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ‌‌ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီး မြှင့်ပွဲကို ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ပို့ချ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ဥပဒေချုပ်ရုံးမှကြီးမှူး၍ ရပ်ကွက်၊  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်သည်။

ဘားအံမြို့နယ်၌ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (ERT)သင်တန်းဖွင့်လှစ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန မှ    ဖွင့်လှစ်ဆောင်ရွက် သည့် ရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (ERT) (Emergency Response Team –(ERT) Training ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာရှိ ရွှေဒုံရင်း Football United Center ၌ ကျင်းပသည်။

ဘားအံတက္ကသိုလ်တွင် မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းးသား၊ကျောင်းသူ လူငယ်များမူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဇွန် ၂၃ ရက်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပုံပြင်၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြင်၊ကဗျာရွတ်ပြိုင်ပွဲများကို ယမန်နေ့က ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။
Subscribe to ကရင်ပြည်နယ်