ကရင်ပြည်နယ်

အိန္ဒုကျေးရွာ၌ လျှပ်စစ်ဆိုလာတပ်ဆင်ခြင်း သင်တန်းဖွင့်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်ဆိုလာတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ အိန္ဒုပအိုဝ်းစိန်ရတနာ ကျောင်းတိုက်၌ ကျင်းပသည်။

ဘားအံမြို့နယ် သမဝါယမအသင်းသား မြေပဲစိုက်တောင်သူများအား မျိုးနှင့်သွင်းအားစုများပေးအပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံမြေပဲစိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်သည့် ကော့ကျိုက်ကျေးရွာရှိ ကော့ကျိုက်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများအား မြေပဲမျိုးနှင့်သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

ကရင်ပြည်နယ်အတွင်းနယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၄၈၅ ဒသမ ၈၉၆ သန်းဖြင့် မြေလမ်း ၂/၆ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၂/၀ မိုင်၊ ကွန်ကရစ်လမ်း ၁/၄ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၁/၄ မိုင်၊ သံကူကွန်ကရစ်တံတား ၁ စင်း၊ Box Culvert ၁၅ စင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းနှစ်ခု၊ ရေစင်လုပ်ငန်းတစ်ခု၊ ကျောက်ကြီးစီလုပ်ငန်းတစ်ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှသိရသည်။

လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာ၌ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရည်ချွန် ဆုချီမြှင့်

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြိုနယ် ကွမ်ဘီကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်း အလျား ပေ ၂၇၀၊ အနံ ပေ ၃၀ရှိ  တန်ဖိုးကျပ်သိန်းပေါင်း(၁၆၇၄၀)ရှိ ချစ်ထူးမြိုင် RCC ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ ပညာရေးဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါအခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

သံတောင်ကြီးမြို့၌ မဲရုံမှူး ၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ် သံတောင်ကြီးမြို့ ဘုရင့်နောင် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်  မဲရုံမှူး၊   ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ  သင်တန်းဖွင့်လှစ်ခြင်းကို  အောက်တိုဘာ ၂၇ ရက်က ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ပြုလုပ်သည်။

ကရင်ပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေး

ကရင်ပြည်နယ်ပညာရေးမှူးရုံး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ပြည်နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။

လိပ်သိုဒေသတွင် လက်ဖက်ခြောက်များ ပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသနေပြည်သူများသည် အသက်မွေးဝမ်းမှုအဖြစ် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

မြဝတီမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးနှင့် ဓိဌာန်အောင်စေတီတော်တို့တွင် ဆိုလာမီးနှင့် ဓမ္မာရုံအမိုး၊ ပြာဿဒ်တည်ဆောက်နိုင်ရန် အလှူငွေလှူဒါန်း

ကရင်ပြည်နယ် မြဝတီမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်ကြီးတွင် လျှပ်စစ်မီးရရှိစေရန်နှင့် ဓိဌာန်အောင်စေတီတော်ကြီးရှိ ဓမ္မာရုံအမိုး၊ ပြာဿဒ်ဘုံ(၅)ဆင့် တို့အား တည်ဆောက်မွမ်းမံရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာ ၂၅ ရက် မွန်းတည့် ၁၂နာရီက ကျင်းပသည်။

မြဝတီမြို့၌ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်မည့် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့အောင်နိုင်ရေးအတွက် ဒုံးမြေချပွဲနှင့် သြဝါဒခံယူပွဲအခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့်နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအကအဖွဲ့၏ ဩဝါဒခံယူပွဲနှင့် ဒုံးမြေချပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မြဝတီမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ကျောင်းသား လူငယ်များဗလငါးတန် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲများ လစဉ်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာဟောပြောပွဲကို ကျင်းပခဲ့သည်။
Subscribe to ကရင်ပြည်နယ်