မြဝတီ ဇွန် ၂၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ နေ့လယ် ၁၂ အချိန်က တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည်ရှုစစ်ဆေးရာ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် ခရိုင်စီမံအဖွဲ့ဝင် ဦးအောင်မျိုးထွန်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမူဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် တာဝန်ရှိသူတို့မှပူးပေါင်း၍အမှတ် (၃) ရပ်ကွက်၊ ဗိုလ်တေဇလမ်း တစ်လျှောက်ကွန်ကရစ်ခင်းခြင်းနှင့် အုတ်ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ကော့ကရိတ်-မြဝတီ အာရှလမ်း မိုင်တိုင်အမှတ် (၁၅၈) ကီလိုမီတာတွင်ထည့်ရှိသည့် မြဝတီမြို့အဝင် ဆိုင်းဘုတ် ဆေးသုတ်ခြင်းနှင့် သာယာလှပရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)