အမြို့မြို့အနယ်နယ်သတင်းများ

Aug 22,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာ ဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်ကို အမှတ် (၁၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Aug 22,2024
လူမှု၀န်ထမ်းဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် လူမှု၀န်ထမ်းရုံးမှ ဦးဆောင်၍ ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အလုံမြို့နယ်၊ ကမ်းနားလမ်းပေါ်ရှိ အလုံမူကြိုကျောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Aug 22,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ရန်ကုန်-မန္တလေးလမ်းမကြီး ရေနံချောင်းမြို့ရှောင်လမ်း လမ်းဘေးဝဲ၊ ယာတွင် အရိပ်ရအမြဲစိမ်းအပင်ကြီး ၃၅၀၀ ကျော်ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း  စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ရှင်သန်အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Aug 22,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးအတွက်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်
Aug 22,2024
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ​​​နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများအား လာရောက်ကြည့်ရှုအားပေးသည်။
Aug 22,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို ယနေ့နံနက်ပိုင်းက   မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Aug 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဩဂုတ်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းကာ ဗိုလ်ချုပ်လမ်းမကြီးနှင့် မြေနိမ့်ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းမှစ၍ ရေကြီးရေလျှံမှုများ ပြန်လည်ဖြစ်ပေါ်လျက်ရှိသည်။
Aug 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ ခရိုင်အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ‌နေ့ ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။