လှိုင်းဘွဲ သြဂုတ် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးအတွက်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်
ရှေးဦးစွာ (၂၅)နှစ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိသူများက ပြန်လည်ဖျော်ဖြေပေးခဲ့ပြီး စစ်ဗျူဟာ(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သဘင်အစည်းအရုံးယာယီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာအဆင့်အသက်(၁၀)နှစ်မှ(၁၅)နှစ်အထိနှင့်အသက်(၁၅)နှစ်မှ(၂၀)နှစ်အထိ ခေတ်ဟောင်း/ကာလပေါ်အဆိုဘာသာရပ်တွင် ဆုရရှိသူများ၊ အခြေခံပညာအဆင့်အသက်(၁၀)နှစ်မှ(၁၅)နှစ်အထိ အကဘာသာရပ်တွင် ဆုရရှိသူများနှင့် အထူးဆုများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)