ရေနံချောင်း ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ရန်ကုန်-မန္တလေးလမ်းမကြီး ရေနံချောင်းမြို့ရှောင်လမ်း လမ်းဘေးဝဲ၊ ယာတွင် အရိပ်ရအမြဲစိမ်းအပင်ကြီး ၃၅၀၀ ကျော်ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ရှင်သန်အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ အရိပ်ရအမြဲစိမ်းအပင်ကြီးများ စိုက်ပျိုးရာတွင် ခရီးသွားပြည်သူများ သစ်ပင်အရိပ်များတွင် နားခိုနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ကာ ရာသီဥတုမျှတစေရန်အတွက် တမာပင် ၂၃၅၀ ပင်နှင့် ယူကလစ်ပင် ၁၂၀၀ ပင် စုစုပေါင်း ၃၅၅၀ ပင်ကို စိုက်ပျိုးထားရှိပြီး ခြံစည်းရိုးကာရံခြင်း၊ ဖိုက်ဘာရေလှောင်ကန် ၈ ကန်ဖြင့် ရေသွန်းလောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အပင်များရှင်သန်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)