မိုင်းတုံမြို့၌ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းတုံ ‌ဩဂုတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ ခရိုင်အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ‌နေ့ ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်း‌ကျော်က ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကြားဖြတ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ရုံးများကို ခရိုင်အဆင့်တိုးမြှင့်ထား‌သော်လည်း တိုးမြှင့်ထားသည့် ရုံး နည်းသည့်အတွက် မြို့နယ်နှင့်ပေါင်းစပ်မှသာ လုပ်ငန်းဆောင်ရွက်သည့်အခါ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ပြီး လုပ်ငန်းများတိုးတက်အောင်မြင်မှာဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ခရီးစဉ်တွင်လည်း အားလုံးအဆင်ပြေခဲ့သည့်အတွက် ဌာနအားလုံးကို ကျေးဇူးတင်ကြောင်း၊ မြို့သာယာလှပစေရေးကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာအားလုံး မိမိတို့လုပ်ငန်းနှင့်ပတ်သက်ပြီး မည့်သို့ဆောင်ရွက်ထားရှိမှုကိုလည်း အသေးစိတ်စီစဉ်တင်ပြပေးရန်နှင့် ဌာနဆိုင်ရာများကလည်း ပူးပေါင်းညှိနှိုင်းစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးလွင်မိုးမှလည်း‌ကောင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးလှအေးကလည်းကောင်း ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ‌ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)