လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌  အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး

လှိုင်းဘွဲ ဩဂုတ် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို ယနေ့နံနက်ပိုင်းက   မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများကကြီးကြပ်၍ ပင်စင်စားအငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများထုတ်ယူရာတွင် စနစ်တကျရှိစေရေး၊ လိုအပ်သောအချက်အလက်များအား မှန်ကန်စေရေးအတွက် စနစ်တစ်ကျစိစစ်၍ ပင်စင်လစာများနှင့် ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်များအား ထုတ်ပေးလျက်ရှိပြီး ရပ်နီး၊ ရပ်ဝေး ပင်စင်စားအငြိမ်းစားဝန်ထမ်း များအနေဖြင့် ပင်စင်လစာများကို လာရောက်ထုတ်ယူရာတွင် ပိုမိုလွယ်ကူ အဆင်ပြေချောမွေ့စေရန်အတွက် ပင်စင်လစာများကို တစ်ရက်တည်းသာ ထုတ်ပေးခြင်းမဟုတ်ဘဲ လစဉ်(၂၁)ရက်နေ့နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် ပုံမှန်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်ခွဲမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)