အမြို့မြို့အနယ်နယ်သတင်းများ

Aug 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပြည်သူများအား လယ်ယာမြေများနှင့် ပတ်သက်၍လည်းကောင်း၊ မြေယာနှင့် ပတ်သက်၍လည်းကောင်း သိရှိနားလည်လာစေရန် ရည်ရွယ်၍ တောင်သူပညာပေး နွေးဆွေးပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 30,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်(၉း၃၀)အချိန်က ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း သပြေခန်းမတွင် ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
Aug 30,2024
နိုင်ငံတကာပြည်သူ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်တွင် Mpox(မျောက်ကျောက်)ရောဂါကူးစက်မှုအား ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် Mpox(မျောက်ကျောက်)ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း (သို့မဟုတ်)ရောဂါ သံသယလက္ခာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပေးပို့၍ လိုအပ်သောစစ်ဆေး (စမ်းသပ်မှုနှင့်ကုသမှုခံယူရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် မျောက်ကျောက်ရောဂါကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက သထုံလမ်းဘောလုံးအားကစားကွင်း၌ ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်လာစေရေးဦးတည်ကာ ကမာရွတ်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံအသက်(၁၄)နှစ်အောက် U-14(Boys) Royal-D Cup ဘောလုံးပြိုင်ပွဲကိုကျင်းပခဲ့သည်။
Aug 30,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပေါ်ရပ်ကွက်များ၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် သူရိန်လမ်း အုတ်ရေမြောင်းတူးဖော်ခြင်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 30,2024
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း အကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာနေလှိုင်၏ အောင်မြင်ပြီးမြောက်ရေး၏ လျှို့ဝှက်ချက်များစာအုပ်အား ယမန်နေ့နေ့လယ် (၂) နာရီအချိန်က (Community Centre) ခန်းမ၌   စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 30,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပခဲ့သည်။
Aug 30,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။