Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ စားသုံးဆီများကို ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့်ရော…
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာမှ ဝန်ထမ်းများအား စားသုံးဆီများအား သတ်မှတ်စျေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်း(၁)ဦးလျှင် ဆီ(၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်
Aug 26,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဈေးရပ်ကွက် မြစည်းခုံလမ်းဘေး မြေသားမြောင်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာများ အသိပညာပေး ဟောပ…
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်ကျောင်းသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီအချိန်တွင် ကွင်းဆင်း၍ အသက်(၁၆)နှစ်နှင့်အထက် တစ်ကြိမ်တစ်ခါမျှ နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ဖူးခြင်း မရှိသေးသော ကျောင်းသား/သူများအား ပန်းခင်းစီမံချက်(၃)အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသောသီးနှံများ အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေး လ…
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ် စိုက်ပျိုးရာသီတွင် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသောသီးနှံများ အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်များမှ စိုက်ပျိုးလုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစုကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်ကွက်နှင့် ပန်းတိုင်အထွက်ရရှိရေး စံပြကွက် ဧက ၄၀၀ ကျော် လျာထားစိုက်ပျိုး
Aug 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီ၌ မိုးစပါးစိုက်ပျိုးလျက်ရှိရာ မျိုးစေ့ထုတ်ကွက်နှင့် ပန်းတိုင်အထွက်ရရှိရေးစံပြကွက် ဧက ၄၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Aug 26,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်တွင် ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၀၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား ဆန်၊ အာဟာရမှုန့်နှင့် ဘီစကစ်မုန့်ထုပ်များ ထောက်ပံ့ပေးအပ်
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်မှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် (၂၀၂၄) ခုနှစ် ဇူလိုင်လ၊ ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်နစ်မြုပ်ခဲ့သည့် ရေဘေးသင့်အိမ်ထောင်စုများအား ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ဆန်၊ အာဟာရမှုန့်နှင့် ဘီစကစ်မုန့်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျ…
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အဆင့် မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7116
Page
7117
Page
7118
Page
7119
Current page
7120
Page
7121
Page
7122
Page
7123
Page
7124
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department