ငပုတော ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာမှ ဝန်ထမ်းများအား စားသုံးဆီများအား သတ်မှတ်စျေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်း(၁)ဦးလျှင် ဆီ(၁)ပိဿာနှုန်း ဖြင့် ရောင်းချပေးခဲ့သည်။
ထို့သို့ ရောင်းချရာတွင် မြို့နယ်ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်း (၁)ဦးလျှင် ဆီ (၁)ပိဿာနှုန်းဖြင့် ဝန်ထမ်းစုစုပေါင်း (၆၉၀)ဦးအား ဆီ(၁)ပိဿာလျှင် (၆၉၀၀)ကျပ်နှုန်း ဖြင့် ဆီပိဿာချိန် (၆၉၀)ပိဿာအား ရောင်းချပေးခဲ့ပြီး ထို့သို့ ရောင်းချပေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)