အမြို့မြို့အနယ်နယ်သတင်းများ

Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၉)အခြေခံပညာ မူလတန်း(လွန်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က ကံချိုင်ကျေးရွာအုပ်စု၊ ကံချိုင်ရွာ၌ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံတာဝန် ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဩဂုတ်လ ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအုပ်စု၊ ရေကျော်ကြီး ကျေးရွာရှိ ပင်လယ်ဧကရီ ငါးအမှုန့်၊ တိရစ္ဆာန်အစားအစာ လုပ်ငန်းသည် အလတ်စား စက်မှုလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး ပင်လယ်ပြင်မှဖမ်းယူ၍ ရရှိသော ပင်လယ်ငါးများအနက် စွန့်ပစ်ငါးအဖြစ် ထုတ်ပယ်ထားသော ငါးမျိုးစုံအား အလေအလွင့် မဖြစ်စေပဲ ကုန်ကြမ်းအဖြစ်ဝယ်ယူ၍ တိရစ္ဆာန်အစားအစာအဖြစ် ကြိတ်ခွဲ၍ တင်ပို့ရောင်းချသည့် လုပ်ငန်းဆက်လက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
Aug 26,2024
 ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ မြို့မတဲကြီးကုန်းကျေးရွာ အုပ်စုအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့နံနက်က စားအုန်းဆီ တစ်ပိဿာ (၆၉၈၇) ကျပ်နှုန်းဖြင့် ဆီ (၆၆၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Aug 26,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ “အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး” ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(လူသုံးကုန်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 26,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦး‌ဆောင်၍ ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်သန်စွမ်း၍ အားကစားထူးချွန်သော ကျောင်းသား/ ကျောင်းသူများ ဖြစ်လာစေရန်ရည်ရွယ်၍ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၀၉း၀၀)နာရီအချိန်က အ.ထ.ကဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။