အမြို့မြို့အနယ်နယ်သတင်းများ

Aug 26,2024
နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု၊ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ သီတဂူမျက်စိအထူးကုအဖွဲ့၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများက ခေတ်မီစမ်းသပ်စစ်ဆေးသော စက်ကြီးများဖြင့် သတ္တမအကြိမ်မြောက်အခမဲ့စမ်းသပ်၊ စစ်ဆေးခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဆရာ/မများ ကျောင်းသား/သူများအား ဥပဒေဆိုင်ရာ ကိစ္စရပ်များ သိရှိ‌စေရန် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ ဆွေးနွေးပို့ချခြင်း အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Aug 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ စျေးတန်းရပ်ကွက်များအတွင်းရှိ မြေနှိမ့်ပိုင်း နေအိမ် ၅၂ အိမ်အား ရေနစ်မြုပ်ခဲ့ရာမှ ရေပြန်ကျသွားခဲ့ပြီး ရပ်ကွက်နေပြည်သူများ စားရေးသောက်ရေးအခက်အခဲမရှိစေရန် ယမန်နေ့ညနေ ၃ နာရီက စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ အလှူရှင်များက စားစရာများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက  ဟင်္သာတခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝန်းအတွင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် ဇနီး ဒေါ်ခင်သန္တာဦးတို့ ဦးဆောင်၍ မြစ်ကွေ့ကျောင်းတိုက်ရှိ သံဃာတော်အရှင်သူမြတ်တို့အား ဝါတွင်းကာလ ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူခဲ့ကြသည်။
Aug 26,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီက ကလောချောင်းရေလျှံမှုဖြစ်ပွားခဲ့ပြီး ယမန်နေ့ မနက်ပိုင်းမှစ၍ ကလောချောင်းရေများ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။
Aug 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်းဆန်စပါးဖူလုံပိုလျှံရေး နွေစပါး၊ မိုးစပါးများကို စီမံကိန်းသီးနှံအဖြစ်သတ်မှတ်ပြီး ဆည်ရေ၊ မိုးရေ၊ မြေအောက်ရေ (စက်ရေတွင်း)ဖြင့် တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးစပါး(၄၁၉၀၄)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Aug 26,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ငလိုက်ချောင်းဘေးရှိ ယောက်သွားအင်းကျေးရွာအုပ်စုအတွင်းရှိ ချောင်းရေများဝင်ရောက်မှုကြောင့် ယောက်သွားအင်းဓမ္မာရုံတွင် ယာယီပြောင်းရွှေ့နေရာချထား သည့် ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး နေလယ်စာထမင်းဗူးများကို ဝေငှပေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
Aug 26,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၌ မိုးစပါး ဧက ၄၀၉၃၂ ဧက လျာထားစိုက်ပျိုးကာ ၃၉၇၉၁ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။