သာပေါင်း ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်မှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် (၂၀၂၄) ခုနှစ် ဇူလိုင်လ၊ ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်နစ်မြုပ်ခဲ့သည့် ရေဘေးသင့်အိမ်ထောင်စုများအား ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ဆန်၊ အာဟာရမှုန့်နှင့် ဘီစကစ်မုန့်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်မှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လ၊ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် ရေဘေးသင့် အိမ်ထောင်စု(၂၁၇)၊ လူဦးရေ(၈၉၄)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ WFPမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက ဆန်(၃၃၀.၆)အိတ်၊ အဟာရမှုန့် (ကလေး) (၂၂ ဖာ)၊ အဟာရမှုန့်(လူကြီး) (၁၁ ဖာ)၊ ဘီစကစ်မုန့် (၁၁၈ ဖာ ၁၀)ထုပ်တို့ကို စနစ်တကျ ဖြန့်ဝေထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)