အမြို့မြို့အနယ်နယ်သတင်းများ

Aug 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ပူးပေါင်းကျင်းပသော “ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကုန်စျေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်သူများစျေး နှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အရှေ့ဘက် ကျွန်းရွှေဝါလမ်းဘေး၌ ရောင်းချပေးလျက်ရှိသည်။
Aug 26,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ဌာနဆိုင်ရာများ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပသည်။
Aug 26,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၂) ကျောင်း ပညာ့ဗိမာန်ခန်းမတွင် အဆိုပါကျောင်း၏၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/သူ များအားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင်ကျင်းပခဲ့သည်။
Aug 26,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲပြုလုပ်သည်။
Aug 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား၊‌ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်ဗီနိုင်းပိုစတာများပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြသ‌ဆောင်ရွက်ထားလျက်ရှိသည်။