ဟိုင်းကြီးကျွန်းမြို့၊ အ.ထ.ကဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ဟိုင်းကြီးကျွန်း သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်သန်စွမ်း၍ အားကစားထူးချွန်သော ကျောင်းသား/ ကျောင်းသူများ ဖြစ်လာစေရန်ရည်ရွယ်၍ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၀၉း၀၀)နာရီအချိန်က အ.ထ.ကဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.ကဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးနန်းထိုက်ကျော်မှ ယခုလိုအားကစားပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် အားကစား စိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ယှဉ်ပြိုင်ကစားကြရန် အမှာစကားပြောကြား၍ ပြိုင်ပွဲအခမ်းအနားအား စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက်ပြိုင်ပွဲဝင်အသင်းများမှ စတင်ယှဉ်ပြိုင်ခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများမှလည်း တစ်ခဲနက်အားပေးခဲ့ကြကြောင်း သိရသည်။

လှိုင်မျိုးအောင်