Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အိမ်မဲမြို့နယ် အ.ထ.က(၂)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့မှ ပူးပေါင်းပြီး ယမန်နေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဇော်ဂျီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်/ကျေးရွာအချို့တွင် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ရာ ကူညီကယ်ဆယ…
Sep 13,2024
မန္တလေးတိုင်းဒေကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စက်တင်ဘာ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ဇော်ဂျီမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်အချို့နှင့်ကျေးရွာများတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်
Sep 13,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ အသိပညာဗဟုသုတများရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ရေသျှံကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှု တောင်ကျရေလျှံတက်ခဲ့မှုကြောင့် နေအိမ်နှင့်ခြံဝင်းများအတွင်း ရေဝင်ရောက်လျက်ရှိပြီး စာသင်ကျောင်းအချို့ ယ…
Sep 13,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စက်တင်ဘာ ၁၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းဘူးချောင်းနှင့် ဘော်ဘင်ချောင်းတို့မှ တောင်ကျရေလျှံတက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့တွင် မင်းဘူးချောင်းတစ်လျှောက်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားကြီးကုန်းအုပ်စု၊ သင်ကန်အုပ်စု၊ ကန္တလီအုပ်စု၊ ကဇင်းကြီးအုပ်စုတို့နှင့် ဘော်ဘင်ချောင်းတစ်လျှောက်ရှိ သပြေစိန်အုပ်စု၊ ဘဲအင်းအုပ်စု၊ သရက်တပင်အုပ်စုတို့ရှိ နေအိမ်နှင့်ခြံဝန်းများအတွင်းသို့ ရေဝင်ရောက်လျက်ရှိပြီး ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၂၈/၂)တွင် ကားလမ်းပေါ်ရေ(၈)လက်မခန့်ကျော်လျက်ရှိကြောင်း သိရသည်။ သွားလာလှုပ်ရှားနေသော မော်တော်ယာဉ်နှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် အသိပေး၊ သတိပေးဆောင်ရွက်ခြင်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 13,2024
စစ်ကိုင်းတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်(ကိုယ်စား) တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီးဦးတင်သန်းဝင်း၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Sep 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံကိန်းဦးစီးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ပို့ချပေး
Sep 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစာကြည့်တိုက် ပညာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6890
Page
6891
Page
6892
Page
6893
Current page
6894
Page
6895
Page
6896
Page
6897
Page
6898
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department