အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်ဖြင့် ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်း ၉ နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။
Sep 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲကို ယမန်နေ့နံနက်  (၉)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျေးရွာများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ရေးစခန်း(၈)ခုတို့တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိရာ အဆိုပါ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းတွင် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ကျင်းပသည်။
Sep 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Bill Bord ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံ-တာချီလိတ်လမ်း၊ နောင်နွန်းပူးပေါင်းဂိတ်အနီး၌ တာဝန်ရှိသူများက စုပေါင်းစိုက်ထူခဲ့ကြသည်။
Sep 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
Sep 13,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စက်တင်ဘာ ၈ ရက်နေ့မှစတင်၍ မိုးများအဆက်မပြတ် ရွာသွန်းခဲ့သည့်အတွက် စဉ့်ကိုင်မြို့တွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် မြို့အ‌ရှေ့ဘက်ရှိ ဇော်ဂျီမြစ်နှင့် အနောက်ဘက်ခြမ်းရှိ ပန်းလောင်မြစ်‌တို့မှ စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်၍ မြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာများအတွင်း ရေဝင်ရောက်လျက်ရှိသည့်အတွက်  အိမ်ထောင်စု (၂၉၁)စု တို့မှ လူဦးရေ (၁၂၁၉)ဦးနှင့် တိရစ္ဆာန်ကောင်ရေ (၁၁၁၃)ကောင် တို့အားရေဘေးလွတ်ကင်းရာ နေရာများသို့ ရွှေ့ပြောင်းကယ်ဆယ်ခြင်း လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့‌သော နိုင်ငံသားကတ်များကို ယမန်နေ့က အမှတ်(၄၁)တိုးချဲ့ရပ်ကွက်တွင် ကွင်းဆင်း​ဆောင်ရွက်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၂) ဦးမြင့်ဇော်နှင့် မြို့နယ်လဝကမှူး ဦးမြင့်‌ဇော်တို့မှ(၄၁)တိုးချဲ့ဓမ္မာရုံ၌ ပြည်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 13,2024
မကွေးတိုင်းဒေသကြီး သရက်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(လ-၃)ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။