Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်ထိုမြို့နယ်တွင် ဒီဂျစ်တယ်ဓာတ်မှန်စက်ဖြင့် နယ်လှည့်အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာတီဘီရောဂါ ရှာဖွေကုသပေး
Sep 13,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ရဟန်းရှင်လူပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ဒီဂျစ်တယ်ဓာတ်မှန်စက်ဖြင့် နယ်လှည့်အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာတီဘီ ရောဂါရှာဖွေကုသခြင်းအား ယမန်နေ့ နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်ဘောဂနာအရှေ့ပိုင်းဓမ္မာရုံ၌ စစ်ဆေးကုသပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာ ကျေးရွာ ၁၅ ရွာတွင် မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်
Sep 13,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာ ၁၅ ရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနှင့် ယမန်နေ့နံနက်ပိုင်းက လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ ကျား/မရေးရာ အခြေခံသဘောတရားများ အသိပညာပေးခြင်း အစီအစဉ်ဆောင်ရွက်
Sep 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် လူမှုဝန်ထမ်းရုံးက ကျား/မရေးရာ အခြေခံသဘောတရားများ Gender, CEDAW, NSPAW, UNSCR 1325 အသိပညာပေးခြင်း အစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Sep 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားခရိုင်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ(ခရိုင်အဆင့်) အသိပညာပေးရှင်းလင်းပွဲအခမ်းအနား ကျင…
Sep 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ(ခရိုင်အဆင့်) အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် - ၁၄ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား လိုအပ်သည်များ ကူညီထောက်ပံ့ရေး ဆောင်ရွက်
Sep 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ရက်ထိ မိုးအဆက်မပြတ်ရွာသွန်း၍ ဆင်သေချောင်း ရေပြည့်ရေကျော်သဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ တိုင်း၊ ခရိုင်မှ ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များက ရေဝင်ရောက်သော ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ရေဘေးသင့်ပြည်သူများကို ယမန်နေ့နံနက်ပိုင်းထိ လူအင်အား၊ စက်လှေများဖြင့် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်း သာစည်မြို့နယ်အတွင်းနေရာအချို့၌ ရေကျော်မှုဖြစ်ပွားနေ၍ အန္တရာယ်ကင်းစေရေးအတွက် ယာဉ်အသွား…
Sep 13,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စက်တင်ဘာ ၁၀ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းနေရာအချို့၌ ရေကျော်မှုနှင့် လမ်းသားပဲ့ကျမှုများဖြစ်ပွားနေ၍ ယာဉ်အသွားအလာများအန္တရာယ်ကင်းစေရေးအတွက် ယဉ်အသွားအလာများ ရပ်တန့်ထားစေကြောင်းနှင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနနှင့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေစက်တော်မန်းချောင်းအတွင်း၌ မန်းချောင်းရေများ တဖြည်းဖြည်း တိုးမြင့်ဝင်ရောက်စီးဆင်း
Sep 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ယခုရက်ပိုင်း နေ့စဉ် မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ မန်းချောင်းအတွင်း၌ စက်တင်ဘာလ ၁၂ ရက်၊ ညနေ ၄ နာရီအချိန်မှစတင်ကာ မန်းချောင်းရေများ တဖြည်းဖြည်းတိုးမြင့်ဝင်ရောက်စီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6893
Page
6894
Page
6895
Page
6896
Current page
6897
Page
6898
Page
6899
Page
6900
Page
6901
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department