အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ စစ်တောင်းမြစ်ရေမြင့်တက်လာမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
Sep 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကညင်ကုန်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 13,2024
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်ကမာရွတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော "ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့ လူငယ်ခေါင်းစဉ်ဖြင့် ​ဟော​ပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၂) အ​ခြေခံပညာအလယ်တန်း​ကျောင်း ပညာတန်​ဆောင်ခန်းမ၌ ကျင်းပသည်။
Sep 13,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နောင်လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးရမည့် ကျောင်းသား ကျောင်းသူများ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ ဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြောဆွေးနွေးခြင်းကို စက်တင်ဘာ ၁၁ ရက်၊ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 13,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှ ယနေ့အထိ   မိုးရေချိန်(၈.၆၆)လက်မရွာသွန်းခဲ့မှုကြောင့် ၁၆၃၀၁ ဧက ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သာစည်မြို့နယ်မြေစာရင်းဦးစီးဌာနထံမှ သိရသည်။
Sep 13,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ပြည်- ရန်ကုန်ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၉၆/ ၁ နှင့် ၁၉၆/ ၂ အကြား မိုးသည်းထန်စွာရွာသွန်းမှုအရှိန်​ကြောင့် တောင်ကျရေများစီးဆင်း၍ ကားလမ်းမပေါ်(၁)ပေခွဲခန့်ရေကျော်မှုဖြစ်ပွားခဲ့သည်။