Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုဗ္ဗသီရိမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာနေရာများသို့ ရွေ့ပြောင်းခြင်းနှင့် ကူညီကယ်ဆယ်ခြင်း လုပ်ငန်းများဆောင်ရွက်
Sep 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးများ အဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် ပုဗ္ဗသီရိမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဆင်သေချောင်းဘေး အနိမ့်ပိုင်းတွင်နေထိုင်ကြသော ကျေးရွာများအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ကင်းရာနေရာများသို့ရွှေ့ပြောင်းခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ် အ.ထ.က (မြို့မ) ကျောင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပ…
Sep 12,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပချိန်တွင် အသက် ၁၈ နှစ် ပြည့်မည့်မဲပေးပိုင်ခွင့်ရှိသော ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား ရွေးကောက်ပွဲဆိုင်ရာအသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (မြို့မ) ကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေးအသင်း သမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးက…
Sep 12,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေးအသင်း သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ဇီးကုန်း) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် ရေပြန်လည်ကျဆင်းသွားမှုကြောင့် ရန်ကုန်-မော်လမြိုင် သွားကားလမ်း ပုံမှန်ဖြတ်သန်းသွားလာနိုင်
Sep 12,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ (၁၁) ရက်နေ့နံနက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့ထင်းကျေးရွာအုပ်စု၊ ရန်ကုန် - မော်လမြိုင် သွားကားလမ်း မိုင်တိုင်အမှတ် (၁၀၆/၂) နှင့် (၁၀၆/၃) အကြား ရေ (၄) လက်မခန့်၊ လမ်းအရှည် (၄၀၀) ပေခန့်နှင့် မိုင်တိုင်အမှတ် (၁၀၆/၆) နှင့် (၁၀၆/၇) အကြား ကားလမ်းမကြီးပေါ်တွင် ရေ (၄) လက်မခန့်၊ လမ်းအရှည် (၃၀၀)ပေခန့် ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုဒေသထွက် ရာသီပေါ်ချဉ်ပေါင်ဖာလာများ ပေါ်ဦးစအချိန် ယမန်နှစ်ကထက် ဈေးပိုမိုရရှိ
Sep 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်ကြသော ဒေသခံပြည်သူများမှာ အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး ရာသီပေါ်ချိန်တွင် ချဉ်ပေါင်ဖာလာသီးနှံများ ရင့်မှည့်လာပြီဖြစ်ရာ ဖာလာစိုက်တောင်သူများက ဩဂုတ်လနောက်ဆုံးအပတ်မှစတင်၍ အောက်တိုဘာလအထိ ဆွတ်ခူးကြပြီး ယခုနှစ်ရာသီအစတွင် ယမန်နှစ်ကထက် ဈေးပိုမိုရရှိနေသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့်ပြည်သ…
Sep 12,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ချောင်းဘေးရှိကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Sep 12,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေချိန်လက်မ စံချိန်သစ်တင်ရောက်ရှိ
Sep 12,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် စက်တင်ဘာလ (၁၀) ရက်ညမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေချိန်လက်မ စံချိန်သစ်တင်ရောက်ရှိလျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6894
Page
6895
Page
6896
Page
6897
Current page
6898
Page
6899
Page
6900
Page
6901
Page
6902
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department