Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့တွင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား တာဝန်ရှိသူများမှ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ကူညီဆောင်ရွ…
Sep 13,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့အမှတ်(၅)ရပ်ကွက်၊ ဗျက်ကလေးပိုင်းနှင့် ဆွဲလွဲချောင်းကျေးရွာအုပ်စု၊ စပါးကျီကျေးရွာအတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်များအား စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး…
Sep 13,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အောင်ဆန်းရပ်ကွက် နဒီလမ်းရေထွက်ပေါက်နှင့် ရေလမ်းကြောင်းတစ်လျှောက် ရေစီးဆင်းမှုအခြေအနေတို့ကို အမှုဆောင်အရာရှိမှ တာဝန်ခံအင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့တွင် ကုန်စျေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး
Sep 13,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်သည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ စက်တင်ဘာလ ၁၁ ရက်နေ့က အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၌ ကုန်စုံဆိုင်များ၊ ဆေးဆိုင်များ၊ စျေးဆိုင်ခန်းများ၊ အလှကုန်ပစ္စည်းများ ကုန်စျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Sep 13,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို မိုးညိုမြို့အတွင်း လူအသွားအလာများသည့်နေရာများတွင် ယနေ့နံနက် ၈ နာရီက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 13,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေစိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများဝင်ရောက်လျက်ရှိခြင်းကြောင့် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပ…
Sep 13,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နေ့လယ်ပိုင်းက အ.လ.က(ချည်မျှင်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 13,2024
၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အိုဇုန်းလွှာနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စည်သာယာရေးအဖွဲ့နှင့် ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ကန့်ဘလူမြို့မစျေး၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် အခြေခံပညာအထက်တန်းကျောင်း(ရုံးဒေါင့်)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Sep 13,2024
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက်ရည်ရွယ်ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အခြေခံပညာဉီးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကို ကျိုက်လတ်မြို့နယ်၊ ရုံးဒေါင့်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6889
Page
6890
Page
6891
Page
6892
Current page
6893
Page
6894
Page
6895
Page
6896
Page
6897
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department