အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2024
စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်အတွင်း၌ မိုးများသည်းထန်စွာရွာသွန်းလျက်ရှိသောကြောင့် မြစ်သာမြစ်နှင့်ချင်းတွင်းမြစ်တို့တွင် မြစ်ရေများမြင့်တက်လျက်ရှိရာ ကလေးမြို့တွင် မြစ်သာမြစ်ရေသည် ဆက်လက်ကျဆင်းလျက်ရှိကြောင်း ကလေးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
Sep 17,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်မြတ်ကြီး၏ (၁၄၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဆွမ်းသပိတ်ကပ်လှူပွဲကို ယနေ့နံနက် ၇ နာရီက သမိုင်းဝင်ဖော်တော်ဦးစေတီတော်နှင့် ကရဝိတ်တန်ဆောင်းမှန်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 17,2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့၏ အစီအစဉ်ဖြင့်(၁၇-၉-၂၀၂၄)ရက်၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တော အပိုင်း(၁)ဧရိယာ (၃၃၀)ဧကနှင့် ဝမ်းတွင်းမြို့နယ်၊ ရွှေဆံတော်ကြိုးပြင်ကာကွယ် တောဧရိယာ(၄၁၀)ဧကအတွင်း သစ်စေ့မြေလုံး(Seed Balls) (၂၀၀၀၀၀)လုံးအား ရဟတ်ယာဉ်ဖြင့်ကြဲ၍ စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Sep 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အရေးပေါ်ဆေးအကာကွယ်ပေးခြင်းနှင့် ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 17,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်ရိက္ခာများကို ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား စဉ်ဆက်မပြတ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက စော်ရဲကျေးရွာရှိ ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
Sep 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကလေးခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
Sep 17,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။
Sep 17,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ရွှေကျင်ကျောင်းဝင်းရှိရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ကနယ်လှည့်ဆေးကုသမှုများဆောင်ရွက်ပေးခဲ့သည်။