အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2024
တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီများ၏ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 18,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ယူနိုင်ရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 18,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆရာတော် အရှင် ဉာဏိဿရ (ခ) HUYNH QUOC VUONG နှင့် ဗီယက်နမ်နိုင်ငံမှ တပည့်ဒါယကာ၊ ဒါယိကာမများမှ လှူဒါန်းငွေ ကျပ် ၁၀၀ သိန်းအား ယမန်နေ့ ညနေ ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 18,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က(၁)လယ်ဝေး၊ ရွှေရတုခန်းမ၌ ကျင်းပသည်။
Sep 18,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် ပုပ္ပားမှ တောင်ကလပ်သို့သွား ကားလမ်း မိုင်တိုင်(၁၈/၀)တွင် ရာဂီမုန်တိုင်းကာလ မိုးများစွာရွာသွန်းမှုကြောင့် (၁၂.၉.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက မြေထိန်းနံရံ အနည်းငယ်ပြိုကျခဲ့ပြီး ကတ္တရာလမ်းသားပဲ့ကျမှု ဖြစ်ပွားခဲ့ရာ အဆိုပါ လမ်းပိုင်းအား ဘိုးတော်ထွက်ပွဲကာလ ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်စေရန်အတွက် မြို့နယ်လမ်းဦးစီးဌာနမှ ယာယီအစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ပေးခဲ့ရာ စက်တင်ဘာ ၁၇ ရက်နေ့တွင် ပြုပြင်မှုလုပ်ငန်းများ ပြီးစီး၍ မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
Sep 18,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၆ ရက်က ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တွင် ပြုလုပ်သည်။
Sep 18,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတရရှိစေရန်၊ ပန်းချီအနုပညာကို ကောင်းမွန်စွာရေးဆွဲတတ်စေရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စက်တင်ဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။