အုတ်တွင်းမြို့နယ်၌ ရေဘေးကယ်ဆယ်ရေးစခန်းအသီးသီးမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက နယ်လှည့်ဆေးကုသမှုများဆောင်ရွက်ပေး

အုတ်တွင်း စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ရွှေကျင်ကျောင်းဝင်းရှိရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ကနယ်လှည့်ဆေးကုသမှုများဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဘန့်ဘွေးကုန်းကျေးရွာ၊ ရွှေကျင်ကျောင်းဝင်းအတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြည်မြို့နယ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်​ကြီးဒေါက်တာအောင်မင်းဦးအပါအဝင် ကျန်းမာရေးဝန်ထမ်းများမှ ရေဘေးသင့်ပြည်သူ(၅၄)ဦးနှင့် အင်ဒိုင်းကျေးရွာမှရေဘေးသင့်ပြည်သူ(၂၄)ဦးအား ဆေးကုသပေးခဲ့ပါကြောင်းနှင့် နယ်လှည့်ဆေးကုသရာတွင် ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူး၊ တိုက်နယ်ဆရာဝန်နှင့်ဝန်ထမ်းများ၊ ရေဘေးကယ်ဆယ်ရေးစခန်းကြီးကြပ်အဖွဲ့များမှ လိုအပ်သည်များကို လိုက်လံကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)