စဉ့်ကိုင် စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်ရိက္ခာများကို ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား စဉ်ဆက်မပြတ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက စော်ရဲကျေးရွာရှိ ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
စော်ရဲကျေးရွာအုပ်စုရှိ စော်ရဲကျေးရွာတွင် ရေဘေးသင့်ပြည်သူ (၁၉၈၅)ဦးရှိပြီး တစ်ဦးလျှင် ဆန်ရိက္ခာ တစ်ရက်(၂)ဘူးနှုန်းဖြင့်(၂)ရက်စာအတွက် ဆန် (၄၁) အိတ်တို့ကို ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)