ပုသိမ် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အရေးပေါ်ဆေးအကာကွယ်ပေးခြင်းနှင့် ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက တိုင်းဒေသကြီးအတွင်း တပ်ဖွဲ့ဝင်များအနေဖြင့် ရှေးဦးသူနာပြုစုခြင်း နည်းစနစ် များ ကျွမ်းကျင်တတ်မြောက်ပိုင်နိုင်စေရန်နှင့် လိုအပ်ပါက Ambulance Service ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် လေ့ကျင့် သင်ကြားမှုများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အမှန်တကယ်မြေပြင်တွင် ဆောင်ရွက်နိုင်မည့် နည်းစနစ်များကို လေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီး လိုအပ်သည့် သင်တန်း အထောက်အကူပြု ပစ္စည်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ဒုတိယတိုင်းဒေသ ကြီးမီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား/သူ (၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)