အင်္ဂပူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

အင်္ဂပူ နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ဖျာအင်္ဂပူမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်၊ စာ​ပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်း" ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်ရေးရာဟောပြောပွဲနှင့်လူငယ်စကားဝိုင်း" ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် "လူငယ်စကားဝိုင်း"ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်သီသီရှိန်နှင့်အတူ Grade (12) မှ မောင်စွမ်းရည်‌သွေးက" လူငယ်နှင့်အားကစား" ၊Grade (12) မောင်အောင်ကောင်းသာက " လူငယ်နှင့်မူးယစ်ဆေး" ၊Grade (12) မချစ်နှင်းဖြူက " လူငယ်နှင့်အင်တာနက်"၊  Grade (12)မှ မယမင်းပိုပိုက" လူငယ်နှင့်စာပေ"   စသည့်ခေါင်းစဥ်တို့ဖြင့် တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာ‌ပေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ ပြတိုက်ငယ်နှင့် ပြည်သူ့စာကြည့်တိုက်အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့‌ကြသည်။

အဆိုပါ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အ-ထ-က(အင်္ဂပူ)မှဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ  တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မန်းကျော်(ပြန်/ဆက်)