မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှူဒါန်းသော သုတရသစာအုပ်စာစောင်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ၏ တာဝန်ခံများထံသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်အောင်လေး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများနှင့်တာဝန်ရှိသူများက ပေးအပ်သည်။ ထို့နောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်များလှူဒါန်းပေးခြင်းအတွက် ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ၏ တာဝန်ခံများကိုယ်စား ရေချိုကျေးရွာစာကြည့်တိုက်တာဝန်ခံ ဦးမာတောက်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ စာအုပ်လှူဒါန်းပွဲအခမ်းအနားတွင် ရပ်ကွက်ကျေးရွာစာကြည့်တိုက် ၁၇ တိုက်အတွက် သုတရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းသာ