ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ကျေးလက်မြှင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ပင်းတယ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ကျေးလက်စီးပွားမြှင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်လင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရတွင်  နိုင်ငံတစ်ဝှမ်းမှာ မြို့ပြနှင့်ကျေးလက်ဒေသများ၏ ကွာဟချက်များကျဉ်းမြောင်းစေရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချစေရေးနှင့် ပြည်နယ်/တိုင်းဒေသကြီးများ ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့ကို ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမူဘောင်ပါ လုပ်ငန်းစဉ်များနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျစေရေး လုပ်ငန်းစဉ်များကို နိုင်ငံတော်အနေနဲ့အထူးဦးစားပေး အရှိန်အဟုန်မြှင့်အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးလက်နေပြည်သူများ လူနေမှုဘဝမြှင့်မားစေရေးလုပ်ငန်းများစဉ်ဆက်မပြတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ လိုအပ်သောနည်းပညာနှင့်ငွေကြေးအရင်းအနှီးများ ကူညီထောက်ပံ့ပေးရေး၊ နည်းပညာပြန့်ပွားရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များပိုမိုထုတ်လုပ်လာနိုင်အောင် သုသေတနလုပ်ငန်းများနှင့် လိုအပ်သည့်အထောက်အကူပြုလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ပေးနေတာကို တွေ့ရပါကြောင်းစသည်ဖြင့် ပြောကြားပေးသည်။

ထိုနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသဦးစီးမှူးက စီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားမှု အခြေအနေများနဲ့စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ရန်ပုံငွေများလွဲပြောင်းပေးအပ်သည်။

ယနေ့ပေးအပ်သည့် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေဒေသ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့ရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာ (၁၈) ရွာအတွက် ကျေးရွာတစ်ရွာအတွက် ငွေကျပ် (၁၅၀) သိန်းနှင့် ကျေးလက်မြှင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ကျေးရွာတစ်ရွာအတွက် ငွေကျပ် (၅၀)သိန်းတို့ကို ပေးအပ်ခဲ့ကြောင်းသိရပြီး၊ (VDP)နှင့် (RBF)စီမံကိန်းပါ ကျေးရွာကော်မတီများမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)