မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဇီဝိတဒါန စုပေါင်းငါးလွှတ်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ

မအူပင် နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဇီဝိတဒါနစုပေါင်းငါးလွှတ်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းကကျင်းပပြုလုပ်သည်။

ဇီဝိတဒါနစုပေါင်းငါးလွှတ်ခြင်းအား အမှတ်(၁)ရပ်ကွက်ရှိ ရွှေမာလာကူးတို့ဆိပ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးတိုးတိုးဝင်းတို့ဦးဆောင်မှုဖြင့် ခရိုင်မြို့နယ်ဝန်ထမ်းများစုပေါင်း၍ တိုးမြစ်အတွင်းသို့ ဇီဝိတဒါနစုပေါင်းငါးလွှတ်ခဲ့ကြပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလဆောက်တည်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။ ၎င်းနောက် အားကစားပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲဖောက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစားဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည်သည်တော်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)