ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်း ဆေးကုသပေး

ကျောက်တံခါး နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဖြူးမြို့ကုတင် (၁၀၀)အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မိုး ခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့က လာရောက်ကုသသည့် ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကုသဆောင်ရွက်‌ပေးရာတွင် အထွေထွေရောဂါ၊ ခွဲစိတ်၊ အရိုးအ‌ကြော၊ ကလေး၊ သွားနှင့်ခံတွင်းစသည်တို့ကို အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာ‌ရေးဝန်ထမ်းများက (အခမဲ့)ဆေးကုသ‌‌ပေးခြင်းဆောင်ရွက်ပေးရာ ဖြူးမြို့ကုတင်(၁၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့်အဖွဲ့ဝင်များ၊ ကျောက်တံခါးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် မြို့နယ်ကုသ‌ရေးဦးစီးဌာနမှူး ဒေါက်တာစည်သူစန်းတို့က အခမဲ့ဆေးကုသပေးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ အခမဲ့‌ဆေးကုသပေးခဲ့ရာ အထွေထွေရောဂါကုသလူနာ(၆၉)ဦး၊  အရိုး အကြောလူနာ (၇၈)ဦး၊ ခွဲစိတ်လူနာ (၄၀)ဦး၊ ကလေးလူနာ (၂၆)ဦး၊ သွားနှင့်ခံတွင်းလူနာ (၁၃)ဦး၊ လွှဲပြောင်းလူနာ(၆)ဦး စုစုပေါင်းလူနာ (၂၁၆)ဦးအား အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)