ကျိုက်မရော နိုဝင်ဘာ ၈
မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ် အခြေခံပညာအထက်တန်းကျောင်း၏ နှစ်စဥ်ကျင်းပမြဲဖြစ်သော ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ကျိုက်မ ရော)ကျောင်းပညာအားမာန်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အခမ်းအနားကို တက်ရောက်လာသူများက နမော်တဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ကျိုက်မရောမြို့ ဘုရားနှစ်ဆူ စာသင်တိုက်မှ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များက ပရိတ်တရား တော်များ ရွတ်ဖတ် ပူဇော်ြပီး (အ.ထ.က) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်သန့်နှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက ကထိန်သင်္ကန်းများ၊ ငွေပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ထံမှ ရေစက်ချ တရားတော်များကို နာယူကာ အမျှအတန်းပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)