အမြို့မြို့အနယ်နယ်သတင်းများ

Dec 03,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်  ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၈)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက သမ္ဘရာကျေးရွာအုပ်စုမှ တောင်သူ(၇၈)ဦးတို့၏ စိုက်ဧက (၂၃၅)ဧကအတွက် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့သည်။
Dec 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီးအတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချသုံးစွဲ လျော့နည်းသက်သာစေရန် မိမိတို့ဒေသမှထွက်ရှိသည့် ကြာဖက်၊ ငှက်ပျောဖက်နှင့်စက္ကူအိတ်များကိုအသုံးပြုနိုင်ရေးအသိပညာပေးခြင်း(Campaign)နှင့် ပလတ်စတစ်အိတ်သုံးစွဲမှုများလာ၍ ညစ်ညမ်းမှုများကြောင့်လျော့ချသုံးစွဲရန်  အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မြို့မစည်ပင်သာယာစျေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍  ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။
Dec 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အမှတ်(၁၄)ရပ်ကွက်၊ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစုရပ်၌ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်ကစ၍ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT) ဆေးထိုးနှံခြင်းအစီအစဥ်များ‌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Dec 03,2024
“အနာဂတ်မှာအားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများဖော်ဆောင်နိုင်မှု မြှင့်တင်ပေး” ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
Dec 03,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့်အခွန်အခများနှင့်ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)ကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Dec 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီခွဲအချိန်က အ.မ.က(အိုးဝ) မူလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
Dec 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ရှိ ပြည်သူများ ကြက်ဥများကို  ‌ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရေးအတွက် နိုဝင်ဘာ(၂၈)ရက်နေ့ ညနေ (၃)နာရီအချိန်၌  တံတားမြို့ အမှတ်(၁)ရပ်ကွက် ရွာလယ်ကျောင်းတိုက် အရှေ့ တွင် ကြက်ဥများအား  ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။ ထိုသို့ရောင်းချရာတွင် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အစီအစဉ်ဖြစ်သော ရပ်ကွက်နေပြည်သူများအား  ကြက်ဥတစ်လုံးလျှင် ၃၇၀ ကျပ်နှုန်း ဖြင့် လူတစ်ဦးလျှင် ကြက်ဥ ၁၀ လုံး ဖြင့် ကြက်ဥအလုံးရေ (၂၀၀၀၀)လုံး ကိုရောင်းချပေးခဲ့ သည်။
Dec 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ပညာရေးကော်မတီက ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း (လင်းခေး)၏ ဘင်ခရာတပ်ဖွဲ့သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက အဆိုပါကျောင်းပုရိဝုဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။