အမြို့မြို့အနယ်နယ်သတင်းများ

Dec 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊  ဇီးကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်  ၁၀ နာရီက အ.ထ.က (လေးမျက်နှာ) ကျောင်း၌ ကျင်းပခဲ့သည်။
Dec 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်(၇)နာရီအချိန်က ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာ၊ ကျုံကူစျေးအတွင်း ရောင်းချပေးကြသည်။
Dec 03,2024
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှကြီးမှူးဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးသင်တန်းအမှတ်စဉ်(၁၈)ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပရာကျောက်တံတားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
Dec 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် ကာကွယ်ဆေးနှင့်သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့သည်။
Dec 03,2024
မန္တလေးတိုင်းဒေသကြီး၊ မြို့တော်ခန်းမ၌ (၂၀၂၄) ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Dec 03,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ အသက် ၂ လမှ ၁၈ လ အတွင်း ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက် ပေးလျက်ရှိသည်။
Dec 03,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲများကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)၊ အ.ထ.က(ဟိုနား)နှင့် အ.လ.က(ခွဲ) ၂၂၁ ​ကျောင်းတို့တွင် ကွင်းဆင်းဆောက်ရွက်ခဲ့​ကြောင်း သိရသည်။
Dec 03,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ် အတွင်း ကျောင်းသား/ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HVP)နှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။