တံတားမြို့၌ ရပ်ကွက်နေပြည်သူများသို့ ကြက်ဥတစ်လုံး ၃၇၀ ကျပ်နှုန်းဖြင့်  ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

တံတား ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ရှိပြည်သူများ ကြက်ဥများကို  ‌ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရေးအတွက် နိုဝင်ဘာ(၂၈)ရက်နေ့ ညနေ (၃)နာရီအချိန်၌  တံတားမြို့ အမှတ်(၁)ရပ်ကွက် ရွာလယ်ကျောင်းတိုက် အရှေ့ တွင် ကြက်ဥများအား  ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။ ထိုသို့ရောင်းချရာတွင် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အစီအစဉ်ဖြစ်သော ရပ်ကွက်နေပြည်သူများအား  ကြက်ဥတစ်လုံးလျှင် ၃၇၀ ကျပ်နှုန်း ဖြင့် လူတစ်ဦးလျှင် ကြက်ဥ ၁၀ လုံး ဖြင့် ကြက်ဥအလုံးရေ (၂၀၀၀၀)လုံး ကိုရောင်းချပေးခဲ့ သည်။

အဆိုပါ ရောင်းချနေမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများကပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)