ကံမမြို့နယ် သမ္ဘရာကျေးရွာအုပ်စုမှ တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

ကံမ ဒီဇင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်  ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၈)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက သမ္ဘရာကျေးရွာအုပ်စုမှ တောင်သူ(၇၈)ဦးတို့၏ စိုက်ဧက (၂၃၅)ဧကအတွက် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့သည်။

ထိုသို့ထုတ်ပေးရာတွင် ငွေကျပ် သိန်းပေါင်း (၅,၅၀၀) သိန်း ထုတ်ချေးပေးရန် လျာထားပြီး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်အစရှိသည့် စိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းကျပ်နှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူ(၅၂၁)ဦး၏  စုစုပေါင်းစိုက်ဧက(၁၇၁၇)ဧကအတွက် ငွေကျပ်(၁,၇၁၇)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိနေသောကျေးရွာအုပ်စုများမှ တောင်သူများကိုလည်းဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)