စလင်းမြို့၊ မြို့မစည်ပင်သာယာစျေးကြီးအတွင်း ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချရေး ပလတ်စတစ်အိတ် ညစ်ညမ်းမှုလျော့ချရေး သိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

စလင်း ​​ဒီဇင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီးအတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချသုံးစွဲ လျော့နည်းသက်သာစေရန် မိမိတို့ဒေသမှထွက်ရှိသည့် ကြာဖက်၊ ငှက်ပျောဖက်နှင့်စက္ကူအိတ်များကိုအသုံးပြုနိုင်ရေးအသိပညာပေးခြင်း(Campaign)နှင့် ပလတ်စတစ်အိတ်သုံးစွဲမှုများလာ၍ ညစ်ညမ်းမှုများကြောင့်လျော့ချသုံးစွဲရန်  အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မြို့မစည်ပင်သာယာစျေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍  ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနဝန်ထမ်းများ စည်ပင်သာယာဦးစီးဌာနမှ စျေးတာဝန်ခံ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းအဖွဲ့များ ပါဝင်သောအဖွဲ့များလိုက်ပါ၍ စျေးရောင်းစျေးဝယ်ပြည်သူများကိုစျေးဝယ်ယူရာ၌  လက်ဆွဲခြင်းနှင့်ထည့်စရာယူဆောင်လာရန်အသိပညာပေးခြင်း  လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မိမိတို့ဒေသမှခွက်ရှိသည့် ကြာဖက်၊ ငှက်ပျောဖက်တို့ကို အခမဲ့ဖြန့်ဝေကာ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ အလွန်အကျွံသုံးစွဲ၍ ဘေးထွက်ဆိုးကျိုးများရှိနိုင်၍ လျော့ချသုံးစွဲကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း