Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြည်ကြီးမဏ္ဍိုင်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်…
Dec 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ ရပ်ကွက်နေပြည်သူများအား ကြက်ဥတစ်လုံး (၃၈၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Dec 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ပြည်သူများ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု/လက်မှုလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ မွေးမြူ ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်း၍ ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက်ပိုင်းက အမှတ်(၁၅)ရပ်ကွက် လှော်ကားနီလာဈေး၌ ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး
Dec 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တိုက်ကျွေးထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်ရေးအတွက် သဘာဝမြေဩဇာနှင့် စိုက်ပျိုးရေးသွင်းအားစုများ တောင်သူများ စုပေါင်းဝယ်ယူနိုင်ရေး တွေ့ဆုံဆွေး…
Dec 03,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေရန်နှင့် ဒေသခံဝောာင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းအတွက်လိုအပ်သော သဘာဝ မြေဩဇာနှင့် သွင်းအားစုပစ္စည်းများကို တောင်သူများ စုပေါင်းဝယ်ယူနိုင်ရေးတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်ရှိ မြို့နယ်တောင်သူအကျိုးဆောင်အသင်းရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ
Dec 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးငြိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို မြို့မဈေး၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Dec 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ ဆောင်းသီးနှံစုံစိုက်ပျိုးရေးအတွက် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ငွေ
Dec 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှဆောင်းသီးနှံ စိုက်စွမ်းအားနှင့် သီးထပ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများအား စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ် ကျဆင်းစေရေးအတွက် ကြက်ဥ၊ ဘဲဥများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ
Dec 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေးအတွက် ကြက်ဥ၊ ဘဲဥများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက်ပိုင်းက အမှတ် (၅) ရပ်ကွက်ရှိ နန္ဒဝင်ဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6530
Page
6531
Page
6532
Page
6533
Current page
6534
Page
6535
Page
6536
Page
6537
Page
6538
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department