အမြို့မြို့အနယ်နယ်သတင်းများ

Dec 03,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းမှစ၍  ပိန်းဇလုပ်မြို့နှင့် တော်ဝိစံပြကျေးရွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများ၌ လူငယ်စကားဝိုင်းများကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်သို့ ယမန်နေ့နေ့လယ်ပိုင်းက ရောက်ရှိလာသည့် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မိဘမဲ့စောင့်ရှောက်ရေး ပရဟိတကျောင်းတိုက်မှ သီလရှင်လေးများအား မြို့ခံ​ပြည်သူများ ဆွမ်းဆန်၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်းသိရသည်။
Dec 03,2024
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်သည့် Grade-11နှင့် Grade -12တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ်သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training of Trainer) (TOT) အမှတ်စဉ်(၃)နှင့်(၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တရားလွှတ်တော် တရားသူကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချမည့်ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
Dec 03,2024
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အခြေခံပညာကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကမမောင်းမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။
Dec 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်းရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အများပြည်သူများစက်သုံးဆီ ဝယ်ယူသုံးစွဲရာတွင် အရည်အသွေးစံချိန်စံညွှန်းကိုက်ညီမှုနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်ရေးအတွက် မြို့နယ်စက်သုံးဆီဈေးနှုန်းစောင့်ကြည့်ထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 03,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
Dec 03,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကံမမြို့၊ အမှတ်(၁)ရပ်ကွက်  အခြေခံပညာအလယ်တန်းကျောင်းခွဲ(မင်းကုန်း)မှ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။
Dec 03,2024
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မင်္ဂလာဒုံခရိုင်၊ တိုက်ကြီးခရိုင်၊ မှော်ဘီခရိုင်၊ လည်းကူးခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့မှကြီးမှူး၍ အမျိုးသမီးများအား တရားမဝင်လူကုန်ကူးမှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းမှုများမှ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲအခမ်းအနားကို မင်္ဂလာဒုံမြို့နယ် ပြည်တော်သာရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။