ကံမ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကံမမြို့၊ အမှတ်(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ(မင်းကုန်း)မှ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော ကျောင်းသား /ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် အသက်(၉)နှစ် ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတို့အား ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)