မိုးနဲမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေး

မိုးနဲ ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်းရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အများပြည်သူများစက်သုံးဆီ ဝယ်ယူသုံးစွဲရာတွင် အရည်အသွေးစံချိန်စံညွှန်းကိုက်ညီမှုနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်ရေးအတွက် မြို့နယ်စက်သုံးဆီဈေးနှုန်းစောင့်ကြည့်ထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ၊ အကန့်အသတ်ဖြင့်ရောင်း‌ချမှုရှိ/မရှိ၊ ခြင်တွယ်မှန်ကန်မှုရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စက်သုံးဆီများသိုလှောင်ထားရှိမှုအခြေအနေတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များကြောင့် စက်သုံးဆီဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်မှာကြာခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)