အမာ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် ကာကွယ်ဆေးနှင့်သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး ဒေါ်လှမြတ်မင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးဒေါ်ချယ်ရီထွန်းနှင့် ဆရာ၊ ဆရာမများ၊ လေးပင်ချောင်ကျေးရွာ၊ အောက်ဆိပ်ကွင်း ကျေးရွာ၊ အောင်ကုန်းကျေးရွာ၊ ကံကြီးဘအေးကျေးရွာတို့မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ အသက်ငါးနှစ်ပြည့်ပြီး အသက်ခုနစ်နှစ်မကျော်သော ကျောင်းသား ကျောင်းသူ(၂၁၀)ဦးခန့်အား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် အသက်ကိုးနှစ် ပြည့်ပြီးသော ကျောင်းသူ(၇၁)ဦးအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)များ ထိုးနှံပေးခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပေးမှုကို အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးပြည့်စုံဝင်းက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အမာ (ပြန်/ဆက်)