ဖျာပုံမြို့နယ်၊ ကျုံကူ​စျေးတွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး

ဖျာပုံ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်(၇)နာရီအချိန်က ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာ၊ ကျုံကူစျေးအတွင်း ရောင်းချပေးကြသည်။
ထိုသို့ ရောင်းချပေးရာတွင်​ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးထွေးသိမ်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးအောင်ကျော်မိုး၊ ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးစည်သူထက်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့မှ ဖျာပုံမြို့ နယ်ကျုံကူ​ကျေးရွာအုပ်စု၊ ကျုံကူစျေးတွင် ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်
 ကြက်ဥ(၁) လုံးလျှင်(၃၅၀)ကျပ်၊ ဘဲဥ (၁) လုံးလျှင်( ၄၅၀)ကျပ်၊ ကြက်သား (၁၀ ) ကျပ်သားလျှင် (၁၃၀၀) ကျပ်၊ တီလားဗီးယားငါး (၁၀ )ကျပ်သားလျှင်( ၄၀၀)ကျပ်စျေးနှုန်းဖြင့် ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေး လိုက်လံရောင်းချပေးလျက်ရှိကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့် နေ့စဥ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)