ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ် အတွင်း ကျောင်းသား/ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HVP)နှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်/ကျေးရွာအတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း ကျောင်းသား/ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HVP)နှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)