ဇေယျာသီရိမြို့နယ်အတွင်း ရက် ၁၀၀ စီမံချက်ဖြင့် ကျောင်းအခြေပြုပဏာမမျက် စိစစ်ဆေးခြင်းများ အရှိန်မြှင့်ဆောင်ရွက်

ဇေယျာသီရိ ဇွန် ၁၁

ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်အရ ကျောင်းအခြေပြုပဏာမမျက် စိစစ်ဆေးခြင်းများလုပ်ငန်းများကို အခြေခံပညာကျောင်းများဖွင့်လှစ်သည်မှစ၍ ယနေ့အချိန်ထိဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု ပဏာမမျက် စိစစ်ဆေးခြင်းများလုပ်ငန်းများကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် ကျောင်းများရှိ ဆရာ/ဆရာမများအား သင်တန်းပေးပူးပေါင်းဆောင်ရွက်လျက်ရှိပြီး  ဇေယျာသီရိမြိုနယ်တွင် အခြေခံပညာကျောင်းပေါင်း ၅၇၊ ကိုယ်ပိုင်ကျောင်း ၅ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃ ကျောင်းတို့၌  ကျောင်းသား၊ ကျောင်သူများအား မျက်စိပဏာမ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ထွန်းလင်း(ဇေယျာမြေ)