မြို့သစ် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဇွန် ၈ ရက် မွန်းလွဲပိုင်းက မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုနုထွေးက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ယခုကာလတွင် ဖြစ်ပွားတတ်သည့် မုန်တိုင်းဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ်နှင့်ငလျင်ဘေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များကို အသိပညာပေးဟောပြောပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်(၈)မျိုးကို ကျောင်းသား/ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရေး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)