ရွှေကျင် ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ မီးလင်းရေးရုံးတွင် ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးခြင်းမရှိစေရေးနှင့် ဘက်ထရီရှော့တိုက် (ကျဉ်စက်) ဖြင့် ဖမ်းဆီးခြင်းအားတားမြစ်ခြင်းနှင့် အရေးယူခြင်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရွှေကျင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကွင်းဆင်းဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်စုစုခိုင်မှ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးမှုမရှိစေရေးနှင့် ဘက်ထရီရှော့တိုက် (ကျဉ်စက်) ဖြင့် ဖမ်းဆီးခြင်းအား တားမြစ်ခြင်းနှင့် အရေးယူခြင်းများဆိုင်ရာများ ရေနေသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာများ၊ ငါးရစ်ငါးသန်ကာလ ကာကွယ်တားဆီးထိန်းသိမ်းစောင့်ရှောက်ရန်အချက်များ၊ ငါးမျိုးပြုန်းတီးမှုများမှ ကာကွယ်တားဆီးမှုအချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)