ကျောက်တလုံးကြီးမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ကျောက်တလုံးကြီး ဇွန် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိပြီး စာပေဖတ်ရှုခြင်းအလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါပြပွဲတွင် ကျောင်းသား/ကျောင်းသူများ ကြိုက်နှစ်သက်သည့် ဗဟုသုတရဖွယ် သုတ/ရသစာအုပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့‌ကြောင်းနှင့် အဆိုပါ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊  လူငယ်/လူရွယ်များ သုံးစွဲမိရာမှစွဲလမ်းစေတတ်သည့် မူးယစ်ဆေးဝါးများ၊ ဥပဒေဖြင့်ကန့်သတ်ထားသောဆေးဝါးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာလက္ခဏာများစသည့် ဗဟုသုတရဖွယ်အကြောင်းအရာများကိုပြသခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန္တာ